Wednesday, April 29, 2015

ကျားအင်္ဂါဆေးထိုးခြင်း

Penis Injection ကျားအင်္ဂါဆေးထိုးခြင်း
ကျားလိင်အင်္ဂါကို အကျိုးတခုခုကိုမျှော်ကိုးပြီး တွေ့ရာဆေးထိုးလို့ ဒုက္ခရောက်ကြပြီး မေးလာသူတွေမနည်းပါ။ အများဖတ်အောင်တင်သင့် မတင်သင့်စဉ်းစားနေခဲ့တာ နှစ်တွေကြာပါပြီ။ အပြစ်တင်ချင်သူတွေက ကျွန်တော့်ကိုသာ တင်ကြပြီး၊ အကျိုးဖြစ်နိုင်သူတွေကများမှာမို့ ပြောပါရစေ။
အဲလိုမလုပ်ကြအောင် လက်လှမ်းမီသလောက် သတိပေးကြစေချင်ပါတယ်။ တချို့ဆိုရင် လူစဉ်မမှီဖြစ်သွားကြတယ်။ အရပ်နည်းတွေ၊ အွန်လိုင်းကြော်ညာတွေကို မယုံကြပါနဲ့။ လူဖြစ်ရှုံးသွားကြသူတွေ မနည်းတော့ပါ။
သူများနိုင်ငံတွေမှာ ယောက်ျားလိင်အင်္ဂါကို ဆေးထိုးလို့ဘာတွေဖြစ်သလဲဆိုတဲ့ ဆေးသုတေသန သိပ်မတွေ့သေးပါ။ အဲလုပ်ကြတာ မြန်မာလူမျိုးတွေမှာသာ များသလားမပြောတတ်ပါ။ အခုပဲ တယောက်ကမေးလာတယ်။ မေးလာသူတွေထဲမှာ ထိုင်းမှာ အလုပ်လုပ်နေသူထဲက များတယ်။ မြန်မာပြည်တွင်းမှာလည်း အမြို့မြို့အနယ်နယ်မှာရှိတယ်။
ဆေးထိုးပြီးနောက် နောက်ဆက်တွဲဖြစ်တာတွေက အမျိုးမျိုးဖြစ်နိုင်တယ်။ ဆီးလမ်းအထူးကုဆရာဝန်နဲ့ ကုသရမယ်။ အတော်ခက်ခဲတယ်။ ခွဲထုတ်ရတယ်။ တကြိမ်ထဲ မရတာလဲရှိတယ်။ စာတွေတော့ရေးထားတယ်။ ဖေ့စ်ဘွတ်မှာမတင်ပါ။ မလုပ်ကြဘို့ရာ ပြောပေးကြပါ။
ဒေါက်တာတင့်ဆွေ

အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့ 

ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ

No comments:

Post a Comment